Home > Azay လမ်းညွှန်

မှတ်ပုံတင်ခြင်း

လူကြီးမင်းတို့အနေဖြင့် အေစျေးမှာစျေးဝယ်ဖို့အတွက် မှတ်ပုံတင်ထားတဲ့အကောင့်တခုရှိထားရမှာဖြစ်ပါတယ်။

လုပ်ငန်းတူလုပ်ဖော်ကိုင်ဖက်ချင်း ယုံကြည်မှု တခုထားရှိနိုင်စေဖို့အတွက် လူကြီးမင်းတို့၏ လုပ်ငန်းဆိုင်ရာလိုင်စင် နှင့်ပတ်သတ်သော အချက်အလက်အချို့ စာရင်းပေးသွင်းရာမှာလိုအပ်မှာဖြစ်ပါတယ်။

မှတ်ပုံမတင်ရသေးပါက ဒီနေရာကိုနှိပ်ပြီးအွန်လိုင်းမှတဆင့်မှတ်ပုံတင်လိုက်ပါ။

ဝန်ဆောင်မှုစင်တာကို ဖုန်းခေါ်ဆိုပြီးလည်း မှတ်ပုံတင်နိုင်ပါတယ်။ဝန်ဆောင်မှုစင်တာဖုန်းနံပါတ် - ၀၉ ၇၇၀ ၇၆၀ ၈၈၈မေးလ် - info@azay.com.mm

အော်ဒါမှာယူခြင်း

Azay မှာဘယ်လိုအော်ဒါမှာယူကြမလဲ ?www.azay.com.mm မှာ‌‌အော်ဒါမှာယူနိုင်ဖို့

ဒီမှာနှိပ်ပြီးအလွယ်ကူဆုံးစျေးဝယ်နည်းလမ်းညွှန် ၆ ချက်ကိုလေ့လာပါ

ဒါမှမဟုတ် အေစျေး၀န်ဆောင်မှုစင်တာဖုန်းနံပါတ် ၀၉ ၇၇၀ ၇၆၀ ၈၈၈ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ငွေပေးချေမှု

‌ေအစျေးမှအော်ဒါများအတွက် အိမ်အရောက်ငွေပေးချေမှုစနစ်အပြင် ဘဏ်မှတဆင့်ငွေလွှဲခြင်း (AYA/KBZ/Yoma) အ​​​ပြင် KBZPay နှင့် Wave Money များကဲ့သို့ mobile ငွေပေးချေမှုများဖြင့်လည်း အသုံးပြုပေးချေဆောင်ရွက်နိုင်ပါသည်။ အသေးစိပ်အချက်အလက်များကိုဤနေရာတွင်ကြည့်ရှုနိုင်ပါသည်။

စျေးနှုန်း

အချိန်နှင့် တပြေးညီတင်ပြထားသော ပစ္စည်းစျေးနှုန်းများကိုသာ ဖော်ပြထားပေးခြင်း

ပစ္စည်းဈေးနှုန်းများတွင် အခွန်ထည့်သွင်းဖော်ပြထားခြင်းမရှိပဲ အခွန်ထိုက်သင့်သည့်အချိန်တွင် ထည့်သွင်းမည်ဖြစ်သည်

ကုန်ပစ္စည်းရရှိနိုင်မှု

ပစ္စည်း ယာယီပြတ်တောက်မှုသတင်းအချက်အလက်များကို ကုန်ပစ္စည်းဘေးတွင် အချိန်နှင့် တပြေးညီဖော်ပြပေးထားခြင်း။

(ကုန်ပစ္စည်းရရှိမှုကို အချိန်နှင့်တပြေးညီ Update ပြုလုပ်ထားသော်လည်း ရောင်းအားကောင်းသည့်ကုန်ပစ္စည်းများတွင် ပစ္စည်းပြတ်လပ်မှုတခါတရံဖြစ်ပေါ်နိုင်ပါသည်)

အနည်းဆုံးအော်ဒါပမာဏသတ်မှတ်ခြင်း

အနည်းဆုံးအော်ဒါပမာဏ ၂၀,၀၀၀ကျပ် (အခွန်ကောက်ခံမှုမပါရှိဘဲ) ပြည့်မီမှသာ အော်ဒါမှာယူနိုင်မည်ဖြစ်သည်

ပစ္စည်းပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့တွင်း သတ်မှတ်ထားသည့် မြို့နယ်များသို့ အခမဲ့ပစ္စည်းပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ပစ္စည်းလက်ခံရယူချိန်တွင် အပျက်အစီး ၊အထိအခိုက်ရှိမရှိစစ်ဆေးပြီးမှသာ လက်ခံရယူပါရန် အသိပေးလိုပါသည်။

ပစ္စည်းမှာယူမှုအားဖျက်သိမ်းခြင်း

မှာယူထားပြီးသည့်အော်ဒါများအား ဝန်ဆောင်မှုစင်တာဖုန်းနံပတ် (၀၉ ၇၇၀ ၇၆၀ ၈၈၈) သို့ဖုန်းခေါ်ဆို၍ ပစ္စည်းလာရောက် ပို့ဆောင်မည့်နေ့ရက်မတိုင်မီ ညနေ ၄နာရီ အချိန် အထိ ပြန်လည်အကြောင်းကြားပြီး မှာယူမှုဖျက်သိမ်းနိုင်မည်ဖြစ်သည်။

ပစ္စည်းပြန်လည်ပေးပို့ခြင်းနှင့်ငွေသားထုတ်ယူခြင်း

Azay တွင်မှာယူထားသည့်ပစ္စည်းများကိုလက်ခံရရှိပါက အောက်ပါအချက်များနှင့် ကိုက်ညီမှုမရှိလျှင် ပြန်လည်ပေးပို့ခြင်းနှင့် ငွေသားပြန်လည်ထုတ်ယူခြင်းများပြုလုပ်နိုင်မည်ဖြစ်သည်။

ပစ္စည်းပျက်စီးနေခြင်: အရည်အသွေးမမီခြင်း(သို့)လတ်ဆတ်မှုမရှိခြင်း

ပစ္စည်းစျေးနှုန်းချက်ချင်းပြောင်းလဲမြင့်တက်ခြင်း

ကုန်ခြောက်နှင့် လူသုံးကုန်ပစ္စည်းများ ( Nonfood) များကို ပစ္စည်းလက်ခံရရှိပြီး ၇ရက်အတွင်းအဆင်မပြေပါက ပြန်လည်လဲလှယ်နိုင်မည်ဖြစ်ပြီး

လတ်ဆတ်အသား/ပင်လယ်စာများကို အဆင်မပြေပါက ပစ္စည်းလာရောက်ပို့ဆောင်ချိန်အတွင်းသာစစ်ဆေး၍ ပြန်လဲလှယ်နိုင်မည်ဖြစ်သည်။

လူကြီးမင်းတို့ကြောင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ပါက ပြန်လည်လဲလှယ်ပေးမည်မဟုတ်ပါ။

ပစ္စည်းလာရောက်ပို့ဆောင်ချိန်အတွင်းစစ်ဆေး၍ပြန်လည်လဲလှယ်ပါက စျေးဝယ်ဘောက်ချာတွင်း ယင်းပစ္စည်းအမည်ဖြင့် ကျသင့်ငွေကို ချက်ချင်းဖယ်ရှားကောက်ခံပေးသွားမည်ဖြစ်သည်။

ပစ္စည်းပို့ဆောင်ပြီးနောက်ပိုင်းမှသာ ပြန်လည်လဲလှယ်လိုပါက Azay Showroom သို့လာရောက်ကာ ပစ္စည်းပြန်လည်လဲလှယ်ခြင်း (သို့) ငွေသားပြန်လည်ထုတ်ယူခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည် ။.

Azay အကြောင်း ပိုမိုစုံစမ်းသိရှိလိုပါသလား?

Azay ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်ရန် - ဖုန်း- ၀၉ ၇၇၀ ၇၆၀ ၈၈၈ မေးလ်- info@azay.com.mm

စည်းမျဥ်းစည်းကမ်းများကိုဒီမှာနှိပ်ပါ